top of page
OneJPN Studio_Blue.png
Wedding Accessory Flatlay

ဝန်ဆောင်မှုဆိုင်ရာ သတ်မှတ်ချက်များ

ရိုက်ကူးရေး ဆိုင်ရာ အသေးစိတ်များ၊ ရရှိမည့် အချက်အလက်များ၊ စရံငွေနှင့် စတူဒီယို မူဝါဒများ

Terms & Conditions 

 

1.Booking ကြိုတင်မှာယူခြင်းနှင့် ငွေပေးချေမှု 

Booking ရက်ကို အတည်ပြုရန်အတွက် စရံငွေ 30% ကို ကြိုတင်ပေးသွင်းရပါမည်။ ကျန်ရှိသော 70% ကို ရိုက်ကူးမှု ပြီးဆုံးပြီးနောက် ပေးချေရပါမည်။ 

Package ဈေးနှုန်းတွင် Consumption Tax- 10% ပါဝင်ပြီးသားဖြစ်ပါတယ်။ Cash သို့မဟုတ် Bank Transfer ဖြင့် ချေနိုင်ပါသည်။ 

2.ရိုက်ကူးရေး ပယ်ဖျက်ခြင်းနှင့် ရက်ချိန်းပြောင်းလဲခြင်းဆိုင်ရာ သတ်မှတ်ချက်များ 

ရိုက်ကူးရေးရက်မတိုင်ခင် ဖျက်သိမ်းလိုပါက စရံငွေပြန်အမ်းပေးမည်မဟုတ်ပါ။ အရေးပေါ်ကိစ္စများကြောင့် ရိုက်ကူးရက်ပြောင်းလဲလိုပါက ရိုက်ကူးမည့်ရက်မတိုင်ခင် [၅] ရက် ကြိုတင် အသိပေးပါက ရက်ရွှေ့ခ အခမဲ့ဖြင့် Photographer အားမည့်ရက်သို့ ပြောင်းလဲပေးပါတယ်။ [၃] ရက်အတွင်းမှ ရက်ရွှေ့ပါက အချိန်ဇယား ပြန်လည်ညှိရသည့်အတွက် Extra Fee [¥5,000] ထပ်တိုး ကျသင့်ပါမည်။ 

3.အချိန်ပိုရိုက်ကူးမှု အပိုဆောင်းကြေးနှုန်းထားများ 

Pre-Wedding၊ Studio နှင့် Event ရိုက်ကူးမှုများအတွက် အချိန်ပိုကြေးမှာ ၁ နာရီလျှင် ၅,၀၀၀ ယန်း ကျသင့်ပါမည်။ 

4.Makeup နှင့် ဝတ်စုံရွေးချယ်မှု ပြောင်းလဲခြင်းဆိုင်ရာ သတ်မှတ်ချက်များ 

Makeup Artist နှင့် ဝတ်စုံ ရွေးချယ်ခွင့်များကို Package အလိုက် သတ်မှတ်ထားပါသည်။ မူလ Package တွင် မပါဝင်သော Makeup Artist သို့မဟုတ် Premium / Imported Dress များကို ရွေးချယ်လိုပါက လိုအပ်သည့် ထပ်ဆောင်းကုန်ကျစရိတ်ကို Clientမှ ကျခံပေးရပါမည်။ 

5.ရိုက်ကူးရေးအချိန် သတ်မှတ်ချက်များ 

Makeup ပြင်ဆင်ချိန်သည် ရိုက်ကူးချိန် (Shooting Session) အတွင်း ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ Event ရိုက်ကူးမှုများအတွက် ရိုက်ကူးရေးအဖွဲ့မှ ပွဲစတင်ချိန်မတိုင်မီ (၁) နာရီ ကြိုတင်ရောက်ရှိ၍ ပြင်ဆင်ဆောင်ရွက်ပေးသွားပါမည်။ Client ဘက်မှ သတ်မှတ်ထားသော အချိန်ထက် မိနစ် (၃၀) ကျော် နောက်ကျပြီးမှရောက်ရှိပါက၊ နောက်ကျသွားသော အချိန်ကို သတ်မှတ်ထားသော ရိုက်ကူးချိန်အတွင်း ထည့်သွင်းတွက်ချက်သွားပါမည်။ 

 

6.ရိုက်ကူးမည့်နေရာဆိုင်ရာ ကန့်သတ်ချက်များနှင့် Package တွင် မပါဝင်သည့် ထပ်ဆောင်း ကုန်ကျစရိတ်များ 

Package များသည် Tokyoမြို့တွင်း သတ်မှတ်နေရာများအတွက်သာ ဖြစ်ပါသည်။ Tokyo မြို့ပြင်ရှိ Location များတွင် ရိုက်ကူးလိုပါက၊ ခရီးသွားလာရေးနှင့် သက်ဆိုင်ရာ ထပ်ဆောင်းကုန်ကျစရိတ်များ ကျသင့်နိုင်ပါသည်။ 

Package စျေးနှုန်းတွင် သွားလာရေးစရိတ်၊ ဝင်ကြေး (Entry Fee)၊ ရိုက်ကူးခွင့် (Shooting Permit) ဆိုင်ရာ အခကြေးငွေများနှင့် အခြားသက်ဆိုင်ရာ ကုန်ကျစရိတ်များ မပါဝင်ပါ။ ရိုက်ကူးမည့်နေရာအတွက် လိုအပ်သော ခွင့်ပြုချက်များကို ကြိုတင်ရယူခြင်းနှင့် Client အပါအဝင် ရိုက်ကူးရေးအဖွဲ့၏ သွားလာရေး၊ ဝင်ကြေးနှင့် သက်ဆိုင်ရာ ကုန်ကျစရိတ်များကို Client မှ ကျခံပေးရပါမည်။ 

Tokyo မြို့ပြင်တွင် ညအိပ်ရိုက်ကူးရန် လိုအပ်သော အစီအစဉ်များအတွက် ရိုက်ကူးရေးအဖွဲ့၏ တည်းခိုနေထိုင်မှုနှင့် အစားအသောက်စရိတ်များကိုလည်း Client ဘက်မှ ကျခံပေးရပါမည်။

 

7.သဘာဝရှုခင်းနှင့် မြင်ကွင်းအခြေအနေဆိုင်ရာ သတ်မှတ်ချက်များ 

သဘာဝရှုခင်းများ (ဥပမာ - ဖူဂျီတောင်၊ ဆာကူရာပန်း၊ ဆောင်းဦးသစ်ရွက်အလှနှင့် နှင်းဖုံးရှုခင်းများ) ၏ မြင်ကွင်းသည် ရာသီဥတုနှင့် သဘာဝအခြေအနေများအပေါ် မူတည်ပါသည်။ ထို့ကြောင့် ရိုက်ကူးသည့်နေ့တွင် အဆိုပါရှုခင်းများကို မျှော်မှန်းထားသည့်အတိုင်း မြင်တွေ့ရမည်ဟု Studio မှ အာမခံပေးနိုင်ခြင်း မရှိပါ။ 

ရာသီဥတုအခြေအနေ၊ တိမ်ဖုံးခြင်း သို့မဟုတ် သဘာဝရှုခင်းများ၏ မြင်ကွင်းမပြည့်စုံခြင်းတို့ကြောင့် ရိုက်ကူးမှုကို ပယ်ဖျက်ခြင်း၊ ရက်ပြောင်းလဲခြင်း သို့မဟုတ် ငွေပြန်အမ်းပေးရန် တောင်းဆိုခြင်းများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။ 

ထိုသို့သော အခြေအနေများတွင်လည်း ရိုက်ကူးမှုကို မူလအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး၊ အကောင်းဆုံးသော ရှုခင်းနှင့် ရိုက်ကူးထောင့် (Angles) များကို ရွေးချယ်၍ အမှတ်တရဓာတ်ပုံများ ရရှိနိုင်စေရန် အကောင်းဆုံး စီစဉ်ရိုက်ကူးပေးပါမည်။ အကယ်၍ ရိုက်ကူးသည့်နေ့တွင် မိုးလေဝသသတိပေးချက် (Typhoon / Storm Warning) ထုတ်ပြန်ထားခြင်း ၊လမ်းပိတ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းစသည့် သွားလာရေးအန္တရာယ်ရှိသည့် အခြေအနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက Outdoor ရိုက်ကူးမှုများကို တားမြစ်ထားခြင်း စသော သဘာဝဘေးအန္တရာယ်အဆင့်မျိုးတွင် ရိုက်ကူးရေးရက်ကို ပြောင်းလဲနိုင်ပါသည်။ 

ရိုက်ကူးရက် ပြောင်းလဲလိုပါက Studio ဘက်မှ ရက်ပြောင်းလဲခ ကောက်ခံမည် မဟုတ်ပါ။ သို့သော် ကြိုတင်ပေးချေထားပြီး ပြန်လည်ရယူ၍ မရနိုင်သော ကုန်ကျစရိတ်များ (ဥပမာ - Studio Deposit Charges, Transportation charges၊ တည်းခိုစရိတ်၊ Shooting Permit charges စသည်) ရှိပါက၊ အဆိုပါကုန်ကျစရိတ်များကို Client မှ ကျခံပေးရပါမည်။ 

8.ဓာတ်ပုံနှင့်ဗီဒီယို Fileများ သိမ်းဆည်းထားမည့် ကာလဆိုင်ရာ သတ်မှတ်ချက်များ 

OneJPN STUDIO မှ ရိုက်ကူးထားသော ဖိုင်များကို အောက်ပါသတ်မှတ်ကာလများအတိုင်း လုံခြုံစွာ သိမ်းဆည်းထားပေးပါမည်။ 

• Raw Photos – ရက်ပေါင်း 90 

• Edited & Retouched Photos – 1 နှစ် 

• Final Videos & Albums – 1 နှစ် 

သတ်မှတ်ထားသော သိမ်းဆည်းကာလ ကုန်ဆုံးပြီးနောက်၊ Files များကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဖျက်သိမ်းမည်ဖြစ်ပါသည်။ ထို့ကြောင့် ပေးပို့ထားသော Fileများကို လက်ခံရရှိသည်နှင့် Download ပြုလုပ်ပြီး Backup သိမ်းဆည်းထားရန် မေတ္တာရပ်ခံအပ်ပါသည်။

 

9.ဓာတ်ပုံနှင့် ဗီဒီယိုများ ပေးပို့မည့် အချိန်ကာလ သတ်မှတ်ချက်များ 

ရိုက်ကူးရေးပြီးသည်နှင့် 

RAW Photos –  (၂) ရက်အတွင်း 

Professionally Retouched Photos (ဓာတ်ပုံ ၆၀ ပုံအထိ) –  (၁၈) ရက်အတွင်း 

Professionally Retouched Photos (ဓာတ်ပုံ ၆၀ ပုံအထက်) –  ရက် (၃၀) အတွင်း 

Highlight Video – ရက် (၃၀) အတွင်း 

Full Wedding Film – (၄၅) ရက်အတွင်း ပေးပို့ပေးပါမည်။ 

Photo Editing ပြင်ဆင်တောင်းဆိုမှုကို Package အလိုက် Lite (၁ ကြိမ်)၊ Plus (၂ ကြိမ်) နှင့် Prime (၃ ကြိမ်) အထိ ပြုလုပ်နိုင်ပါသည်။ ပြင်ဆင်ရန် တောင်းဆိုမှုများကို Fileများလက်ခံရရှိပြီးနောက် (၂) ရက်အတွင်း အကြောင်းကြားပေးရန် လိုအပ်ပါသည်။ 

10.အမြန်ပေးပို့ဝန်ဆောင်မှု 

သတ်မှတ်ထားသော Delivery Timeline မတိုင်မီ ပုံများ သို့မဟုတ် ဗီဒီယိုများကို လက်ခံရယူလိုပါက၊ ရိုက်ကူးရေးအချိန်ဇယား (Production Schedule) နှင့် ဝန်ဆောင်မှုပေးနိုင်မှုအပေါ် မူတည်၍ Rush Delivery Service ကို ထပ်ဆောင်းဝန်ဆောင်ခဖြင့် ရယူနိုင်ပါသည်။ Rush Delivery Service လိုအပ်ပါက Booking ပြုလုပ်စဉ် သို့မဟုတ် ကြိုတင်အကြောင်းကြားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ 

(မှတ်ချက် - Delivery Timeline ကို ရိုက်ကူးမှုပြီးဆုံးသည့်နေ့မှ စတင်တွက်ချက်ပါသည်။ Peak Season၊ အများပြည်သူရုံးပိတ်ရက်များ (Public Holidays) သို့မဟုတ် မမျှော်လင့်ထားသော အခြေအနေများကြောင့် Fileအပ်နှံချိန် အနည်းငယ်ကြန့်ကြာနိုင်ပါသည်။ ထိုသို့ အချိန်ထပ်မံလိုအပ်ပါက Client ထံသို့ ကြိုတင်အသိပေး အကြောင်းကြားပေးပါမည်။) 

11.တာဝန်ယူမှုဆိုင်ရာ သတ်မှတ်ချက်များ 

အကယ်၍ မမျှော်လင့်ထားသော နည်းပညာဆိုင်ရာ ချို့ယွင်းမှုများ (ဥပမာ - Memory Card Data ပျက်စီးခြင်း၊ Camera ချို့ယွင်းခြင်း စသည်) ဖြစ်ပေါ်ပါက၊ OneJPN STUDIO မှ ရိုက်ကူးခ ၂ဆ ငွေပြန်အမ်းပေးခြင်း၊ သို့မဟုတ် အခမဲ့ ပြန်လည်ရိုက်ကူးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါမည်။ ထိုသို့ ‌Data ပျောက်ပျက်ခြင်း၊ ပျက်စီးခြင်းများ မရှိအောင်လည်း STUDIOမှ အထူးဂရုပြု တာဝန်ယူလုပ်‌ဆောင်ပေးမည်ဖြစ်ပါသည်။ 

12.ကိုယ်ပိုင်ပစ္စည်းများနှင့် ပတ်သက်သော သတ်မှတ်ချက်များ 

ရိုက်ကူးမှုအတွင်း Client ၏ ကိုယ်ပိုင်ပစ္စည်းများ ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ ဖြစ်ပေါ်ပါက OneJPN STUDIO မှ တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။ 

 

13.အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် Qualified Invoice ထုတ်ပေးခြင်း 

Package ဈေးနှုန်းများတွင် ဂျပန်နိုင်ငံ၏ သက်ဆိုင်ရာ ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (Consumption Tax - CT) ပါဝင်ပြီးဖြစ်ပါသည်။ OneJPN Studio သည် ဂျပန်နိုင်ငံ၏ အခွန်ဥပဒေများကို လိုက်နာလျက်ရှိပြီး ကောက်ခံရရှိသော အခွန်ငွေများကို ဂျပန်အစိုးရထံ တရားဝင် ပေးသွင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တရားဝင် မှတ်ပုံတင်ထားသော Qualified Invoice Issuer တစ်ခုဖြစ်သည့်အလျောက်၊ Clientများအနေဖြင့် ဂျပန်နိုင်ငံ၏ အခွန်စည်းမျဉ်းများနှင့်အညီ Input Consumption Tax Credit (အခွန်ပြန်လည်ခုနှိမ်ခွင့်) ကို တောင်းဆိုနိုင်ရန် Qualified Invoice များကိုလည်း ထုတ်ပေးလျက်ရှိပါသည်။ 

Booking အတည်ပြုပြီးသည်နှင့် ဤဝန်ဆောင်မှုဆိုင်ရာ သတ်မှတ်ချက်များကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူပါသည်။ မေးမြန်းလိုသည်များရှိပါက Bookingအတည်မပြုမီ ကျွန်ုပ်တို့အဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်
bottom of page